Update Play Store metadata.

This commit is contained in:
akwizgran
2022-02-24 16:00:37 +00:00
parent 6783eae1b1
commit 84be347695
44 changed files with 106 additions and 4 deletions

View File

@@ -0,0 +1,5 @@
Briar ဆိုသည်မှာ လုံခြုံမှုရှိ၍ လွယ်ကူလျင်မြန်အားကောင်းသော ဆက်သွယ်ရေး နည်းလမ်းတစ်ခုကို လိုအပ်သည့် လူမှုရေး (သို့) နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များအပြင် အခြားမည်သူအတွက်မဆို အထူးဖန်တီးပြုလုပ်ထားသော မက်ဆေ့ချ်ပေးပို့ခြင်း အက်ပ်တစ်ခု ဖြစ်ပါသည်။ သာမန်မက်ဆေ့ချ်ပေးပို့ခြင်းအက်ပ်များနှင့်မတူသည်မှာ Briar သည် ဗဟိုပြုဆာဗာတစ်ခုတည်းအပေါ် မှီခိုခြင်းမရှိဘဲ မက်ဆေ့ချ်များကို အသုံးပြုသူများ၏စက်ပစ္စည်းများအချင်းချင်းကြားတွင်သာ တိုက်ရိုက်ကူးလူးပို့ဆောင်ပေးခြင်းဖြစ်ပါသည်။ ကပ်ဘေးများကြုံနေရချိန် အင်တာနက်မရနိုင်လျှင်ပင် Briar သည် ဘလူးတုသ် (သို့) ဝိုင်ဖိုင် အသုံးပြုပြီး သတင်းအချက်အလက်များကို ကူးလူးပို့ဆောင်ပေးနေနိုင်ပါသည်။ အင်တာနက်ရရှိပါကလည်း Tor ကွန်ယက်ကို ကြားခံအသုံးပြုပြီး အသုံးပြုသူများနှင့် ၎င်းတို့၏ပတ်သက်ဆက်နွယ်သူများကို ကြားဖြတ်စောင့်ကြည့်ခြင်းမှ Briar က ကာကွယ်ပေးထားပါသည်။
ဤအက်ပ်တွင်သီးသန့် မက်ဆေ့ချ်များ၊ အုပ်စုများနှင့်ဖိုရမ်များအပြင် ဘလော့ဂ်များပါ ပါ၀င်သည်။ Tor ကွန်ယက်အတွက် အထောက်အပံ့ ဖြစ်စေရန်လည်း အက်ပလီကေးရှင်းတွင် တည်ဆောက်ထားသည်။ သင်၏ Briar တွင် သင်ပြုလုပ်သမျှသည် အခြားအသုံးပြုသူများနှင့် မျှဝေရန် သင်ဆုံးဖြတ်ခြင်း မရှိသေးသည်အထိ သင်၏ကိရိယာပေါ်တွင်သာ သိမ်းဆည်းထားသည်။
ကြော်ငြာများဖော်ပြခြင်း၊ ခြေရာခံနိုင်သော အထောက်အထားများ ကျန်ရှိမှုမျိုးများ မရှိပါ။ ပရိုဂရမ်၏အရင်းအမြစ်ကုဒ်သည် မည်သူမဆို စစ်ဆေးရန်အတွက် လုံးဝပွင့်လင်းပြီး ပညာရှင်ဆန်ဆန် စစ်ဆေးထားပြီး ဖြစ်သည်။ ထွက်ရှိထားပြီးသော Briar ဆော့ဖ်ဝဲကို ပြန်လည်ထုတ်ဝေနိုင်ပြီး၊ ထုတ်ဝေခဲ့ပြီးသော အရင်းအမြစ်ကုဒ်သည် ဤနေရာတွင်ထုတ်ဝေသော အက်ပလီကေးရှင်းနှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးနိုင်ပါသည်။ Briar ဆော့ဖ်ဝဲရေးသားခြင်းကို အကျိုးအမြတ်မယူသော အဖွဲ့ငယ်တစ်ခုက ပြုလုပ်သည်။

View File

@@ -0,0 +1 @@
ဘယ်နေရာမှာပဲဖြစ်ဖြစ် လုံခြုံတဲ့မက်ဆေ့ချ်ပေးပို့ခြင်း။

View File

@@ -0,0 +1 @@
Briar